မြန်မာစံတော်ချိန် 1:30 မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့
အဂ်လန်ဒါဘီပွဲမှာ မန်ယူအသင်းဟာ ပွဲစကတည်းက အတင်းဝင် အတင်းဖျက် ပုံစံနဲ့ မာန်ပါပါ ကစားပြီး ဘောလုံးကိုင်ထားတဲ့အချိန်မှာ
လျှင်လျှင်မြန်မြန်ပေးပို့မှု့တွေနဲ့ ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။
ဒါကြောင့် အစောပိုင်းမှာပဲ ဂိုးရဖို့ နိးစပ်ခဲ့ပြီး
တော်မီနေး ရဲ့ အကွက်မြင်မြင်ပေးပို့မှု့ကနေ
ဖာနန်ဒက် ဖန်တီးပေးတာကို အီလန်ဂါ ပြေးဝင်
ကန်သွင်းရာမှာ တ်ိုင်မှန်သွားခဲ့လို့ ဂိုးမရခဲ့တာပါ။
တောက်လျှောက် ဖိအားပေးနေတဲ့ မန်ယူအသင်းဟာ ပွဲချိန် 16 မိနစ်မှာ အဖွင့်ဂိုးရရှိိခဲ့ပြီး
အီလန်ဂါ ရဲ့ ဖန်တီးပေးပို့ကနေ ဆန်ချိုက မီနာကို ဖိန့်ပြီး အသာအယာကန်သွင်းယူခဲ့ပါတယ်။
ဂိုးပေးရပြီးနောက်မှာ လီဗာပူး ဟာ ဘောလုံးကိုင်ပြီး ချေပဂိုးရဖို့ ကြိုးစားလာပြီး ထောင့်ကန်ဘောကနေ ဂိုးရလိုနီးပါး ဖြစ်ခဲ့ပါတယ်။ဖာနက်ဒက်ရဲ့ ရှင်းထုတ်ပုံဟာ ချော်ပြီး ဂိုးထဲ တန်းတန်းမတ်မတ်သွားရာမှာ မာတီနက်ဇ် နဲ့ ထိပြီး ရှင်းထုတ်နိုင်ခဲ့လို့ လီဗာပူး တို့ ချေပဂိုးမရခဲ့တာပါ။
ဒုတိယပိုင်း မှာတော့ 53 မိနစ် မှာ မန်ယူတို့
ဒုတိယဂိုးရခဲ့ပြီး မာစီရယ် ရဲ့ ဖန်တီးပေးမှု့ကနေ
ရက်စ်ဖို့ဒ်က ကန်သွင်းယူခဲ့တာပါ။
2-0 ဖြစ်ပြီး နောက် 3-0 ဖြစ်နိုင်လောက်တဲ့
ရက်စ်ဖို့ ရဲ့ ကန်သွင်းမှု့ နှစ်ကြိမ်ရှိခဲ့ပြီး
ဂိုးတော့ထပ်မရခဲ့ပါဘူး။
နောက်ပိုင်း မှာတော့ လီဗာပူး ဟာ ချေပဂိုးရဖို့ ကြိုးစားလာပြီး 81မိနစ် မှာ ဆာလာရဲ့ သွင်းဂိုး
တစ်ဂိုးသာ ချေပနိုင်ခဲ့လို့ မန်ယူဟာ အဖိုးတန်နိုင်ပွဲကို ရရှိခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူအသင်းရဲ့ မာတီနက်ဇ် မာလာစီယာ ဗာရန်းတို့ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး
လီဗာပူး ကတော့ ခံစစ်ကစားပုံပေါ့လျှော့မှု့
တွေနဲ့ ရှုံးပွဲကို ရင်ဆိုင် သွားခဲ့ရပါတယ်။