လက်ရှိအချိန်ထိ အနာဂါတ် လှုပ်ခတ်နေတဲ့
မန်ယူတိုက်စ်မှူး စီရော်လ်နယ်ဒိုဟာ ပြင်သစ်ကလပ် မာဆေး အသင်းနဲ့ သတင်းတွေ
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။
ရော်နယ်ဒို ဟာ ပရီးမီးယား လိဂ် အဖွင့် ၃ပွဲမှာ
တစ်ပွဲ သာ ပွဲထွက်ခွင့် ရခဲ့သလို ပြီးခဲ့တဲ့
လီဗာပူး နဲ့ လို အဂ်လန်ဒါဘီပွဲမျိုးမှာလည်း
85 မိနစ် အရောက်မှသာ လူစားဝင် ကစားခွင့်ရခဲ့တာ ဖြစ်လို့ သူ့ရဲ့အနာဂါတ်တွေက ပိုပြီး
လှုပ်ခတ်လျှက် ရှိနေတာ ပါ။
လီဗာပူး နဲ့ ပွဲပြီးမှာ ဘရူနို က “သူ့အနာဂါတ်လား?
ငါ သေချာ မသိဘူး။ငါပြောမှာလည်းမဟုတ်ဘူး။သူနေမလား၊ထွက်သွားမလား။
သူဆက်နေရင်လည်း ငါပျော်မိမှာပါ။
သူထွက်သွားခဲ့ရင်လည်း သူ့ဆုံးဖြတ်ချက်အတွက် ပျော်မိမှာပါ” လို့ Eleven Sports ကို
ပြောခဲ့တာတွေကြောင့်လည်း ရော်နယ်ဒို ရဲ့
အနာဂါတ် ဟာ ပရိတ်သတ်တွေ စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပြောင်းခဲ့မယ်ဆိုရင်တောင်
မာဆေးလို အသင်း ဆီကိုတော့ မပြောင်းပါနဲ့လား Ronaldo ရေ။
Photo credit
#Myanmar Football Fan Group